သခင့်စကား - သြဂုတ်လ ၂၀၁၂

ယုံကြည်သူ၏ထာဝရလုံခြုံစိတ်ချမှု

ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့ သည် ပျက်ဆီးခြင်းနှင့် အစဉ် မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှ မနှုတ် မယူရာ။ ၂၉ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည်း ခပ်သိမ်းသောသူတို့ထက် ကြီးမြတ် တော်မူ သည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှ မနှုတ် မယူနိုင်ရာ။ ယော ၁၀း ၂၈-၂၉

နေ့စဉ်မျှော်လင့်ချက်

“အမှတ်ရစရာ - နာဂတို့မြေမှာ”

ယေရှု တိဗက်ကိုမသွားခဲ့ပါ..

ဗက်လင်ယေရှု တိဗက်သို့မသွားခဲ့ပါ လွန်ခဲ့သောနှစ် ၄၀ကျော်ခန့်မှ စ၍ လုလင်ငယ်ယေရှုသည် တိဗက်ပြည်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် သွားရောက်ပညာတော်သင်ခဲ့သည်ဆိုသော ၀တ္ထုတစ်ပုဒ်အကြောင်းကို ကြားခဲ့ရသည်။ ထိုသတင်းကို ဗုဒ္ဓဘာသာ သံဃာလောကတွင် ၀မ်းသာအားရ ဆွေးနွေးခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမတို့ကိုလည်း တဆင့် ပြောကြားခဲ့ကြသည်။